Facebook Page လေးအား ဖိတ်ခေါ်ပါ၏

Facebook Page လေးအား ဖိတ်ခေါ်ပါ၏
click down

Thursday, January 5, 2017

အားလုံးပဲ မင်္ဂလာရှိနေသာ နေ့ရက်များပိုင်ဆိုင်ပါစေ....

Bagan Pagodas 
**************
Photographcer : Minn Minn Zaw 
Design  :   WMT graphic Design 
Corel_Draw_Creative_Design


Tuesday, January 3, 2017

4.1.2017
လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြု ကြိုဆိုပါသည်။
WMT

Friday, February 26, 2016

သင်မသိတဲ့ FACEBOOK မှာ ပြုလုပ်နိုင်တဲ့ အရာများ


သင်မသိတဲ့ FACEBOOK မှာ ပြုလုပ်နိုင်တဲ့ အရာများ

Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခု အဖြစ် ရပ်တည်နေနိုင်ပါပြီ။ ဒီလို ရပ် တည်နေနိုင်တဲ့ အကြောင်းအရင်းကတော့ Facebook ဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ စိတ်ဝင်စားစ ရာကောင်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်တွေကို ထည့်သွင်းပေးထားလို့ပဲ ဖြစ်ပါတယ်။ Facebook ကို လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင်ပေမယ့် သူ့ရဲ့ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုတတ်ရင် Facebook မှ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံမှုရှိခြင်း၊ ကိုယ်ရေးကိုယ်တာ အ ကြောင်းအရာများကို အခြားလူများ မသိစေခြင်း၊ ပို့စ်များကို ရှာဖွေရာတွင် လွယ်ကူခြင်း၊ ပို့စ်များကို သိမ်းဆည်းခြင်း ၊ Mobile Data ကုန်ကျမှုကို သက်သာစေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စရာများကို တားဆီးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများအပြင် အခြား ပျော်ရွှင်စရာ ကောင်းတဲ့ ရလဒ်များကို ရရှိနိုင် မှာ ဖြစ်ပါတယ်။
Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။
သင် စာမပြန်ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့လိုက်တဲ့အခါမှာ အဲဒီ Message ကို သင်ဖတ်လိုက်ပြီးတဲ့နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အ သုံးပြုပြီး Disable လုပ်နိုင်ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင်ပါတယ်။

သူငယ်ချင်းများရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။
သင့် သူငယ်ချင်းများရဲ့ မွေးနေ့ကို သတိမေ့နေတာမျိုး မဖြစ်ရလေအောင် Calendar များမှာ ထည့် သွင်းထားနိုင်ပါတယ်။ ဘယ်ဘက် Sidebar မှ Events Page ထဲသွားပြီး Upcoming Events နဲ့ Birthdays ထဲမှ လင့် တစ်ခုကို ကော်ပီလုပ်ပါ။

Google Calendar ကို ဖွင့်ပြီး Others Calendars ဘေးမှ မျှားကို နှိပ်ပါ။ Add by URL ကို နှိပ်ပြီး URL ကို Paste လုပ်ပါ။ iCal မှာ Calendar> Subscribe ထဲသွားပြီး URL ကို ထည့်ပေးပါ။
Outlook မှာ Tools> Account Settings> Internet Calendars ထဲသွားပါ။
Facebook Messages မှ “ Other “ Inbox ကို ကြည့်ရှုပါ။
သင့်မှာ Facebook Messages များအတွက် Inbox နှစ်ခုရှိပါတယ်။ “ Other” Inbox ထဲမှာတော့ သင့် သူငယ်ချင်းမဟုတ်သူများက ပေးပို့ထားတဲ့ စာများကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်း မဟုတ်သူများက သင့်ရဲ့ အဓိက Inbox ထံ တိုက်ရိုက် စာပေးပို့ချင်ရင်တော့ Facebook ကို အ ခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ နာမည်ကျော်များအနေနဲ့ သူတို့ရဲ့ Fans များမှ ပေးပို့တဲ့ စာများကို “ Other” မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပို့စ်တစ်ခုကို ရှာဖွေပါ။

Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အ လွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။

GIF များ တင်ပါ။
Facebook မှာ GIF များတင်လို့ ရပါပြီ။ GIF ရဲ့ လင့်ကို ကော်ပီကူးပြီး Status Box မှာ Paste လုပ်ပါ။ Preview ပေါ်လာရင် လင့်ကို ဖျက်နိုင်ပါတယ်။

သင့်ရဲ့ Friends List ကို ဖွက်ထားပါ။
Friends Tab ထဲသွားပြီး ညာဘက်မှ Edit Privacy ကို နှိပ်ပါ။ Only Me ပြောင်းပေးရင် သင့်ရဲ့ Timeline ထဲဝင်ကြည့်သူများက သင့်ရဲ့ Friends List ကို မမြင်နိုင်တော့ပါဘူး။

သင့်ရဲ့ ပို့စ်ကို မမြင်စေချင်သူများကို သတ်မှတ်ပါ။
သင့်ရဲ့ သူဌေးမမြင်စေချင်တဲ့ ပို့စ်တစ်ခုကို တင်တော့မယ်ဆိုရင် Privacy Settings ကို နှိပ်ပြီး Custom ကို ရွေးပေးပါ။ “ Don’t share this with” မှာ သင့်သူဌေး အမည်ကို ရိုက်ထည့်ပြီး ရွေး ပေးပါ။

News Feed မှ Auto-Play Video များကို ကြိုတင်ပိတ်ထားပါ။
Facebook က News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ပြသဖို့ ပြုလုပ်နေပါတယ်။ အချို့နိုင်ငံများ မှာတော့ Auto-Play Video များကို မြင်တွေ့နေရပါပြီ။ ဒီလို Auto-Play Video များကို ကြိုတင် ကာကွယ်ထားချင်ရင် Facebook App>App Settings> Videos and Photos > Auto-Play ထဲသွားပြီး Smart Auto-Play ကို Disable လုပ်ပါ။ User WiFi Only ကို ရွေးပေးပါ။ အခြားဖုန်းများ မှာတော့ Facebook App> App Settings> Videos play automatically မှာ Off လုပ်ပေးပါ။

Game Requests များကို ပိတ်ပါ။
Facebook App ကနေ More> App Settings> Notifications> Mobile Push ထဲသွားပြီး Application Requests မှာ အမှန်ခြစ်ကို ဖြုတ်ပါ။ အခြားဖုန်းများမှာ More> App Settings> Notifications > Application requests မှာ Off လုပ်ပေးပါ။

Relationship Status ကို အခြားသူများ မသိအောင် ပြောင်းပါ။
သင့်ရဲ့ Relatiionship Status ကို အခြားသူများ မသိအောင် ပြောင်းချင်ရင် Timeline ကနေ AboutTab ထဲသွားပါ။ Family and relationships မှ Privacy Settings မှာ Only Me ပြောင်းပေးပြီး Relationship Status မှာ နှစ်သက်ရာကို ပြောင်းပါ။ Save Changes ကို နှိပ်ပါ။

ပို့စ်များကို သိမ်းဆည်းပါ။
Facebook မှာ နေ့စဉ် မျှဝေကြတဲ့ သတင်းများ၊ဆောင်းပါးများစွာ ရှိပါတယ်။ ဖတ်ဖို့ အချိန်မရလို့ နောက်မှ ဖတ်ဖို့ သိမ်းဆည်းထားချင်ရင် ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save link ကို နှိပ်ပါ။ သိမ်းထားတာတွေကို ဒတ်စတော့မှာ ညာဘက် Sidebar မှ Saved ကဏ္ဍနဲ့ မိုဘိုင်းဖုန်းမှာ More> Saved ကဏ္ဍတို့မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

Credit ; မူရင်းရေးသားသူ

Wednesday, February 24, 2016

သခင်အောင်ဆန်းကြားပါစေ

*******************************
 ဆို - Kyal Sin Aung &
        Chit Min Oo



                                                                               >>>>>>>>>Download<<<<<<<<<<<<<







Saturday, February 20, 2016

Logo များ အပ်နိုင်ပါပြီ

Simple logo creation **************************** အကို အမ ညီ ညီမ များ လူကြီးတို့ရဲ့ လုပ်ငန်းသုံး logo များ chat box မှာ ပေးပို့ အပ်နှံနိုင်ပါသည် ဖိုင်အား viber မှပေးပို့ခြင်း CD ကားဂိတ်ပါးပေးပါမည် အားလုံးကိုကျေးဇူးတင်ပါတယ် WMT

Sunday, February 14, 2016

ခံစားမိသမျှ

ဒီဇိုင်းသမားလေးတစ်ယောက်၏ ပီတိ
အချိန်ပြည့် computer ကိုပဲ တစိမ့်စိမ့်ကြည့်
ကျန်ရှိနေသေးသော သင်ခန်းစာတွေထပ်လေ့လာ
အမြင်မတူတဲ့ အကြိုက်မတူ customer ရဲ့
စိတ်ကြိုက်အသီးသီး ကို မိမိအကြိုက်ကိုဘေးဖယ်
အားလုံးအကြိုက်တွေကို ကိုယ်စွမ်းရှိသလောက်
ထုတ်သုံးခဲ့ပါဟာ ကျနော်တို့ ဒီဇိုင်းသမားတွေရဲ့
မရှိမဲ့ရှိမဲ့ဂုဏ်လေးပေါ့

မုံရွာမြို့ ကြော်ငြာလုပ်ငန်းစုရဲ့ ပြောင်မြောက်တဲ့
ပိုစတာတွေ အများဆုံးရိုက်နှိပ်တဲ့ T- shirt တွေ
Logo အသစ်ဖန်တီးခွင့်ရရင် တော့ ဒီဘဝသေပျော်ပါပီ ကျနော့်ထက်လုပ်သက်ရင့်လေပြီးသော မုံရွာမှ
ဒီဇိုင်းသမားများအား ဒီpost မှ ဦးညွတ်လျက်ပါ

ယနေ့ ကဖေးကအပြန် မုံရွာမြို့ ကျောက္ကာလမ်းမ
ကြီးပေါ်က အဆင့်မြင့်မိုဘိုင်းဖုန်းအရောင်းဆိုင်၏
ဆိုင်းဘုတ် ဖောင်းကြွနဲ့ ၁၉ ပေ ၆ ပေ ရှိသော
ဗွီနိုင်း အား Light box ထည့်၍ သုံးထပ်တိုက်တွင်
special အတွန့်မရှိ ကပ်ထားသည်ကို တွေ့မြင်
ရလေသောအခါ ကျနော် မျက်ရည်ကျမိလေတော့သည်

အကြောင်းသည်ကား ကျနော်အိမ်မက်များအား
ကျနော်မက်ခွင့်ရလေပါပီကောဟူ၍
ကျနော် လက်ရာလေး လူမြင်ခွင်းတစ်ခုမှာ
လူမသိသူမသိ ချပြခွင့်ရတာကို ကျနော် ပီတိဖြစ်၍
ထိုနေရာ၌ပင် ငေးမော နေခဲ့သည်မှာ ၁၅ မိနစ်ခန့်မျှ
ကြာမြင့်နိုင်သည်

မည်သို့ပင်ဆိုစေကာမူ ကျနော် အလုပ်ကို ကျနော်
နှစ်သက်ပါသည် ကျနော် လုပ်နိုင်သရွေ့ လုပ်နေဦး
မည့်အလုပ်သည်ကား အများမသိသော ဒီဇိုင်းသမားတစ်ဦးသာ ဖြစ်လေတော့သည်

Think you for reading 
                                      WMT ဒီဇိုင်း 
မင်္ဂလာပါ နွေးထွေးစွာ ကြိုစိုပါတယ်